ကော်ပိုရိတ် စီမံအုပ်ချုပ်မှု

ကျင့်ဝတ်သိက္ခာ ကျင့်ထုံး

ရွှေသံလွင်လုပ်ငန်းစုတွင် ကျင့်ဝတ်မှန်ကန်စွာဖြင့် တာဝန်သိတတ်သော စီးပွားရေး အလေ့အကျင့်များကို လုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကျင့်ဝတ်သိက္ခာသည် အခြေခံ အုတ်မြစ်ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များ၊ မိတ်ဖက်များနှင့် ပြင်ပရှိ လူ့အသိုင်းအဝန်းနှင့် ဆက်ဆံရာတွင် ပုဂ္ဂိုလ်ရေးရာနှင့် ပရော်ဖက်ရှင်နယ်ဆန်မှု အပြည့်ဖြင့် ဂုဏ်သိက္ခာ ရှိနေစေရန် စံနှုန်းများကို သတ်မှတ်ပေးသည့် အဆိုပါ ကျင့်ဝတ်သိက္ခာကျင့်ထုံးသည် ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်ပါသည်။

ဝန်ထမ်းများအားလုံးသည် ဤကျင့်ထုံးဥပဒေတွင် ဖော်ပြထားသော စိတ်ဓာတ်ရေးရာနှင့် အခြေခံမူများကို လိုက်နာရန် လိုအပ်ပြီး ထိုသို့လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းများ လည်ပတ်ရာ နေရာဒေသများ၏ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းများ

ဘဏ်

ရွှေဘဏ် (SHWE Bank)

ရွှေဘဏ် (SHWE Bank) သည် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေစုခြင်း၊ ချေးငွေများ၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ပြီးပြည့်စုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးနေသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိရန်

မီဒီယာ

SkyNet မီဒီယာ

၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော SkyNet မီဒီယာသည် Pay TV နှင့် Free-to-Air ဝန်ဆောင်မှုများဖြင့် သတင်း၊ အားကစား၊ ဖျော်ဖြေရေးနှင့် အခြားများစွာသော အကြောင်းအရာများကို DTH ၊ DTT နှင့် မကြာမီတွင် ရရှိနိုင်မည့် OTT ပလပ်ဖောင်းများမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ပိုမိုသိရှိရန်

အိမ်ခြံမြေ

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

ရွှေသံလွင်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူနေအိမ်၊ လုပ်ငန်းသုံး အဆောက်အအုံ၊ ပညာရေးနှင့် နည်းပညာဆိုင်ရာ အဆောက်အအုံများ အပါအဝင် အထင်ကရ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး စီမံကိန်းများဖြင့် မြန်မာနိုင်ငံ၏ မြင်ကွင်းပုံရိပ်နှင့် မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ပိုမိုသိရှိရန်