မြန်မာနိုင်ငံတွင် ချိတ်ဆက်နိုင်မှုနှင့် လက်လှမ်းမီနိုင်မှုတို့ကို ဦးဆောင်တည်ဆောက်ခြင်း

ရွှေသံလွင်လုပ်ငန်းစုသည် ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ မီဒီယာ၊ အိမ်ခြံမြေ၊ ပညာရေး နှင့် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး အစရှိသည့် လုပ်ငန်းကဏ္ဍများကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း လုပ်ငန်းစုများအနက် တစ်ခုဖြစ်ပါသည်။ တည်ထောင်ချိန် ၁၉၉၂ ခုနှစ်မှစ၍ ပုဂ္ဂလိကပိုင်ကုမ္ပဏီဖြစ်သည့် ရွှေသံလွင်လုပ်ငန်းစုသည် မတူညီသော စီးပွားရေးလုပ်ငန်းများစွာဖြင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ နှင့် အခွင့်အလမ်းများအား ချိတ်ဆက်ပေးလိုသည့် ကတိကဝတ်များကို အခြေခံ၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းများ

ရွှေသံလွင်သည် လုပ်ငန်းကဏ္ဍမျိုးစုံကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာပြည်သူများကို ချိတ်ဆက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဘဏ်လုပ်ငန်း၊ မီဒီယာ၊ အိမ်ခြံမြေ၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ပညာရေးအပါအဝင် လုပ်ငန်းကဏ္ဍများစွာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ဘဏ်

ရွှေဘဏ် (SHWE Bank)

ရွှေဘဏ် (SHWE Bank) သည် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေစုခြင်း၊ ချေးငွေများ၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ပြီးပြည့်စုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးနေသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိရန်

မီဒီယာ

SkyNet မီဒီယာ

၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော SkyNet မီဒီယာသည် Pay TV နှင့် Free-to-Air ဝန်ဆောင်မှုများဖြင့် သတင်း၊ အားကစား၊ ဖျော်ဖြေရေးနှင့် အခြားများစွာသော အကြောင်းအရာများကို DTH ၊ DTT နှင့် မကြာမီတွင် ရရှိနိုင်မည့် OTT ပလပ်ဖောင်းများမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ပိုမိုသိရှိရန်

အိမ်ခြံမြေ

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

ရွှေသံလွင်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူနေအိမ်၊ လုပ်ငန်းသုံး အဆောက်အအုံ၊ ပညာရေးနှင့် နည်းပညာဆိုင်ရာ အဆောက်အအုံများ အပါအဝင် အထင်ကရ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး စီမံကိန်းများဖြင့် မြန်မာနိုင်ငံ၏ မြင်ကွင်းပုံရိပ်နှင့် မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ပိုမိုသိရှိရန်

ကျွန်ုပ်တို့ အကြောင်း

မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးလာစေရန် ခိုင်မာသော ချိတ်ဆက်မှုများကို ဖန်တီးခြင်း

၁၉၉၂ ခုနှစ်တွင် ဦးကျော်ဝင်းမှ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံအတွင်း ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်မှန်းချက်ဖြင့် ရွှေသံလွင်ကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အခြေခံအဆောက်အအုံ စီမံကိန်းများမှတစ်ဆင့် အတားအဆီး၊ ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်မည့်အပြင် ကျွန်ုပ်တို့၏ မီဒီယာ ချန်နယ်များမှတစ်ဆင့် အသိပညာနှင့် ဖျော်ဖြေမှုများကို ပေးစွမ်းကာ လူတိုင်း လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံကို ပိုမိုချိတ်ဆက်မှု ရှိလာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။

လုပ်ငန်းကဏ္ဍများ
0
ကုမ္ပဏီများ
0 +
လုပ်သားအင်အားစု
0 +
စတင်တည်ထောင်ခဲ့သည့်နှစ်
0

In the News

Explore the latest from Shwe Than Lwin

ရွှေသံလွင်လုပ်ငန်းစုက FIBA MAP Myanmar 2025 သင်တန်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ပံ့ပိုးကူညီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။ ရန်ကုန်မြို့ - မြန်မာ့အားကစားနှင့် လူမှုအသိုက်အဝန်းဖွံဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်မှုများနှင့် ဟန်ချက်ညီစွာြဖင့် မြန်မာဘတ်စကတ်ဘောဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေသံလွင်ကုမ္ပဏီက FIBA Map Myanmar 2025 သင်တန်းအတွက် ပံ့ပိုးကူညီပေးခဲ့မှုကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ FIBA Map Myanmar 2025 သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကာ လက်ဘနွန်နိုင်ငံသား သင်တန်းနည်းပြဖြစ်သူ Mr. Garen Boyajian က ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြကာ သင်တန်းရည်ရွယ်ချက်မှာ သင်တန်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာဘတ်စကတ်ဘောအဖွဲ့ချုပ်၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်စီမံ ရေးဆိုင်ရာ အွန်လိုင်းပလက်ဖောင်း (FIBA Management & Administration Platform-MAP) က တဆင့် ဘတ်စကတ်ဘောနှင့် သက်ဆိုင်သည့် နိုင်ငံတကာကျွမ်းကျင်မှုနှင့် အသိပညာများ တိုးမြင့်လာစေရန် ဖြစ် သည်။ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရန်လင်းအောင်က “ဒီသင်တန်း က ကျွန်တော်တို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အတွက် အတော့်ကို တန်ဖိုးရှိတဲ့ သင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်းက ရရှိတဲ့ နည်းပညာတွေကြောင့် FIBA MAP လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘတ်စကတ် ဘောအဖွဲ့ချုပ် (FIBA) အွန်လိုင်းပလက်ဖောင်းကနေ နိုင်ငံတကာဘတ်စကတ်ဘော လုပ်ငန်းဆောင် တာတွေကို ပိုမိုကောင်းမွန်မြန်ဆန်စွာနဲ့ စီစဉ်ဆောင်ရွက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီ FIBA MAP အွန်လိုင်း ပလက်ဖောင်းမှာ ကစားသမားမှတ်ပုံတင်တာနဲ့ FIBA အသိအမှတ်ပြု သင်တန်းတွေရဲ့ ရလဒ်တွေကို စောင့် ကြည့်လို့ရတာကြောင့် ကျွန်တော်တို့ MBF အတွက် အတော်အသုံးဝင်တဲ့ အွန်လိုင်းပလက်ဖောင်း ဖြစ်ပါ တယ်။” ဟု ဖွင့်ဟခဲ့သည်။ ဖော်ပြပါသင်တန်းသည် FIBA က မြန်မာနိုင်ငံအတွက် ပြုလုပ်ပေးသော ပထမဆုံးသင်တန်းဖြစ်ပါသည်။ FIBA အနေဖြင့် ယင်းအဖွဲ့ဝင်နိုင်ငံများ၏ ဘတ်စကတ်ဘောအဖွဲ့ချုပ်များအား နိုင်ငံတကာဘတ်စကတ်ဘောပြိုင်ပွဲ များ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ကူညီပေးရန်ရည်ရွယ် ချက်ဖြင့် ယခုကဲ့သို့သော သင်တန်းမျိုးလာရောက် ပို့ချပေးခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ MBF သည် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်အမျိုးသားဘတ်စကတ်ဘောအသင်းကို နိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်ရန် စေလွှတ်သွားရေးအတွက် စီစဉ်လျက်ရှိသည်။ “ဒစ်ဂျစ်တယ်ဘတ်စကတ်ဘောအသိုက်အဝန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဘတ်စကတ်ဘော အဖွဲ့ချုပ်အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် ဒီလိုသင်တန်းမျိုးကို ပံ့ပိုးကူညီပေးရတဲ့အတွက် ဝမ်း မြောက်မိပါတယ်။ ဒီလိုမျိုးပံ့ပိုးကူညီပေးမှုတွေက MBF ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဘတ် စကတ်ဘော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု ရွှေသံလွင်လုပ်ငန်းစု အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဲနိုးစံက ပြောကြားသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီမှုများက မြန်မာနိုင်ငံအားကစားကဏ္ဍအနာဂတ်ကို မြှင့်တင်‌ပေးရန်အတွက် ခိုင် မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်မှုများ အတွက် တွန်းအားပေးရန် ရွှေသံလွင်လုပ်ငန်းစု၏ ကတိကဝတ်ကို ထင်ဟပ်စေလျက်ရှိပါသည်။ ရွှေသံလွင်လုပ်ငန်းစုအကြောင်းအကျဉ်း ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ မီဒီယာ၊ အိမ်ခြံမြေစီမံခန့်ခွဲမှု၊ ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ အပါအဝင် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းကဏ္ဍများအား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစုကြီး ဖြစ်သည်။ ‌ရွှေသံလွင်လုပ်ငန်းစု၏ အဓိကကုမ္ပဏီလုပ်ငန်းခွဲများမှာ Sky Net (ရွှေသံလွင်မီဒီယာ)၊ ရွှေသံလွင် အိမ်ခြံမြေ စီမံခန့်ခွဲမှု ကုမ္ပဏီ၊ ရွှေသံလွင်အမြန်လမ်းမတည်ဆောက်ရေး ကုမ္ပဏီနှင့် ရွှေဘဏ်တို့ ဖြစ်ကြကာ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ဆောင်ရွက်ပေးလျက် ရှိကြသည်။

ရွှေသံလွင်သည် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု  (CSR) လုပ်ငန်းစဥ်များအတွက်  AMCHAM  မှ ပေးအပ်သော  Captain of Industry Award  ကို ရရှိခြင်း

တောင်ငူတွင် ရေဘေးဒဏ်ကို ခံခဲ့ရသည့် မိသားစုများအတွက် လိုအပ်သည့် ကူညီမှုများ ပေးလျက်ရှိ