ကော်ပိုရိတ် စီမံအုပ်ချုပ်မှု

လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒ

ရွှေသံလွင်လုပ်ငန်းစုတွင် ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများကို ကျင့်ဝတ်သိက္ခာ၊ ပွင့်လင်းမြင်သာစွာအပြင် တည်ဆဲဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် ကတိပြုထားပါသည်။ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုတို့သည် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ကျွန်ုပ်တို့၏ အခြေခံမူများနှင့် မကိုက်ညီ မျှတမှုမရှိသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကျင့်ဝတ်ဆိုင်ရာ အမူအကျင့်အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်သူတိုင်း နားလည်လိုက်နာကျင့်သုံးစေရန် အောက်ဖော်ပြပါ မူဝါဒကို ပြဌာန်းထားပါသည်။

ဤမူဝါဒကို UN Global Compact ၏ ဆယ်ခုမြောက် အခြေခံမူများဖြစ်သည့် “စီးပွားရေးလုပ်ငန်းများသည် ငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းအပါအဝင် အကျင့်ပျက်ခြစားမှုအားလုံးကို ဆန့်ကျင်သင့်သည်” ဟုသော ပြဋ္ဌာန်းမှုအပေါ် အခြေခံထားပါသည်။ ၎င်းသည် လုပ်ငန်းစု၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ ကန်ထရိုက်တာများ၊ အတိုင်ပင်ခံများအပြင် လုပ်ငန်းစုနှင့် ချိတ်ဆက်ထားသော ရောင်းချသူများ အားလုံးနှင့် သက်ဆိုင်ပါသည်။ လုပ်ငန်းစုလက်အောက်ရှိ ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီတိုင်းနှင့် လုပ်ငန်းစု၏ ထိန်းချုပ်မှုအောက်ရှိ ဖက်စပ်ကုမ္ပဏီတိုင်းသည် လာဘ်ပေးလာဘ်ယူမှု နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူ မူဝါဒအတိုင်း လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းများ

ဘဏ်

ရွှေဘဏ် (SHWE Bank)

ရွှေဘဏ် (SHWE Bank) သည် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေစုခြင်း၊ ချေးငွေများ၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ပြီးပြည့်စုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးနေသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိရန်

မီဒီယာ

SkyNet မီဒီယာ

၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော SkyNet မီဒီယာသည် Pay TV နှင့် Free-to-Air ဝန်ဆောင်မှုများဖြင့် သတင်း၊ အားကစား၊ ဖျော်ဖြေရေးနှင့် အခြားများစွာသော အကြောင်းအရာများကို DTH ၊ DTT နှင့် မကြာမီတွင် ရရှိနိုင်မည့် OTT ပလပ်ဖောင်းများမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ပိုမိုသိရှိရန်

အိမ်ခြံမြေ

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

ရွှေသံလွင်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူနေအိမ်၊ လုပ်ငန်းသုံး အဆောက်အအုံ၊ ပညာရေးနှင့် နည်းပညာဆိုင်ရာ အဆောက်အအုံများ အပါအဝင် အထင်ကရ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး စီမံကိန်းများဖြင့် မြန်မာနိုင်ငံ၏ မြင်ကွင်းပုံရိပ်နှင့် မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ပိုမိုသိရှိရန်