ရေရှည်တည်တံ့ခိုင်မြဲရေး

မြန်မာနိုင်ငံကို ချိတ်ဆက်ခြင်းဖြင့် ပြည်သူများအတွက် ရေရှည်တွင် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးခြင်း

ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ခိုင်မြဲရေး နည်းဗျူဟာသည် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းများနှင့် စက်မှုလုပ်ငန်းများကို ချိတ်ဆက်ပေးခြင်းဖြင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိတတ်မှုရှိသော တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ရန်အတွက် အာရုံစိုက် လုပ်ဆောင်ပါသည်။

ပြည်သူနှင့် ရေရှည်တွင် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့်များကို ဦးစားပေး လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းစုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။ ထိုသို့ သဟဇာတဖြစ်သော နည်းဗျူဟာဖြင့် လက်ရှိနှင့် အနာဂတ်၏ မျိုးဆက်သစ်များအတွက် သာယာဝပြောစေမှာ ဖြစ်ပါသည်။

လုပ်ငန်းစုသည် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (UNSDGs) အနက် မိမိတို့၏ ရည်မှန်းချက်နှင့် ကျိုးကြောင်းဆီလျော် ကိုက်ညီမှုရှိသည့် အချက်များကို အောက်တွင် ဖော်ပြထားသည်။ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများကို တည်ဆောက်နိုင်စေရန် အဆိုပါ ရည်မှန်းချက်ပန်းတိုင်များမှ လမ်းညွှန်ပေးပါသည်။

ရည်မှန်းချက် နံပါတ် ၄ : အရည်အချင်းပြည့်ဝသော ပညာရေး ရရှိရေး

မီဒီယာမှတဆင့် ပညာရေး မြှင့်တင်ခြင်း။

ရည်မှန်းချက် နံပါတ် ၈ : တင့်သင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေး ဖွံ့ဖြိုးမှု ရရှိရေး

လုပ်ငန်းကဏ္ဍမျိုးစုံတွင် အလုပ်အကိုင် ဖန်တီးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း။

ရည်မှန်းချက် နံပါတ် ၉ : စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေး

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများအတွက် ပံ့ပိုးကူညီခြင်း။

ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူမှုကူညီရေး၊ သဘာဝ ဘေးအန္တရာယ် ပြန်လည် ထူထောင် ကယ်ဆယ်ရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လုပ်ငန်းစဥ်များမှတစ်ဆင့် ပြန်လည် ပေးဆပ်သွားရန် ကတိကဝတ် ပြုအပ်ပါသည်။ ဒေသတွင်း လူမှုဖူလုံရေးဆိုင်ရာ လုပ်ငန်းစဥ်များတွင် အာရုံစိုက် ပါဝင်ကူညီခြင်းသည် ကျွန်ုပ်တို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်နှင့်လည်း ကိုက်ညီမှုရှိပါသည်။

ရွှေသံလွင်လုပ်ငန်းစုက FIBA MAP Myanmar 2025 သင်တန်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ပံ့ပိုးကူညီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။ ရန်ကုန်မြို့ - မြန်မာ့အားကစားနှင့် လူမှုအသိုက်အဝန်းဖွံဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်မှုများနှင့် ဟန်ချက်ညီစွာြဖင့် မြန်မာဘတ်စကတ်ဘောဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေသံလွင်ကုမ္ပဏီက FIBA Map Myanmar 2025 သင်တန်းအတွက် ပံ့ပိုးကူညီပေးခဲ့မှုကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။ FIBA Map Myanmar 2025 သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကာ လက်ဘနွန်နိုင်ငံသား သင်တန်းနည်းပြဖြစ်သူ Mr. Garen Boyajian က ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြကာ သင်တန်းရည်ရွယ်ချက်မှာ သင်တန်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာဘတ်စကတ်ဘောအဖွဲ့ချုပ်၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်စီမံ ရေးဆိုင်ရာ အွန်လိုင်းပလက်ဖောင်း (FIBA Management & Administration Platform-MAP) က တဆင့် ဘတ်စကတ်ဘောနှင့် သက်ဆိုင်သည့် နိုင်ငံတကာကျွမ်းကျင်မှုနှင့် အသိပညာများ တိုးမြင့်လာစေရန် ဖြစ် သည်။ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရန်လင်းအောင်က “ဒီသင်တန်း က ကျွန်တော်တို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အတွက် အတော့်ကို တန်ဖိုးရှိတဲ့ သင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်းက ရရှိတဲ့ နည်းပညာတွေကြောင့် FIBA MAP လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘတ်စကတ် ဘောအဖွဲ့ချုပ် (FIBA) အွန်လိုင်းပလက်ဖောင်းကနေ နိုင်ငံတကာဘတ်စကတ်ဘော လုပ်ငန်းဆောင် တာတွေကို ပိုမိုကောင်းမွန်မြန်ဆန်စွာနဲ့ စီစဉ်ဆောင်ရွက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီ FIBA MAP အွန်လိုင်း ပလက်ဖောင်းမှာ ကစားသမားမှတ်ပုံတင်တာနဲ့ FIBA အသိအမှတ်ပြု သင်တန်းတွေရဲ့ ရလဒ်တွေကို စောင့် ကြည့်လို့ရတာကြောင့် ကျွန်တော်တို့ MBF အတွက် အတော်အသုံးဝင်တဲ့ အွန်လိုင်းပလက်ဖောင်း ဖြစ်ပါ တယ်။” ဟု ဖွင့်ဟခဲ့သည်။ ဖော်ပြပါသင်တန်းသည် FIBA က မြန်မာနိုင်ငံအတွက် ပြုလုပ်ပေးသော ပထမဆုံးသင်တန်းဖြစ်ပါသည်။ FIBA အနေဖြင့် ယင်းအဖွဲ့ဝင်နိုင်ငံများ၏ ဘတ်စကတ်ဘောအဖွဲ့ချုပ်များအား နိုင်ငံတကာဘတ်စကတ်ဘောပြိုင်ပွဲ များ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ကူညီပေးရန်ရည်ရွယ် ချက်ဖြင့် ယခုကဲ့သို့သော သင်တန်းမျိုးလာရောက် ပို့ချပေးခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ MBF သည် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်အမျိုးသားဘတ်စကတ်ဘောအသင်းကို နိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်ရန် စေလွှတ်သွားရေးအတွက် စီစဉ်လျက်ရှိသည်။ “ဒစ်ဂျစ်တယ်ဘတ်စကတ်ဘောအသိုက်အဝန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဘတ်စကတ်ဘော အဖွဲ့ချုပ်အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် ဒီလိုသင်တန်းမျိုးကို ပံ့ပိုးကူညီပေးရတဲ့အတွက် ဝမ်း မြောက်မိပါတယ်။ ဒီလိုမျိုးပံ့ပိုးကူညီပေးမှုတွေက MBF ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဘတ် စကတ်ဘော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု ရွှေသံလွင်လုပ်ငန်းစု အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဲနိုးစံက ပြောကြားသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီမှုများက မြန်မာနိုင်ငံအားကစားကဏ္ဍအနာဂတ်ကို မြှင့်တင်‌ပေးရန်အတွက် ခိုင် မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်မှုများ အတွက် တွန်းအားပေးရန် ရွှေသံလွင်လုပ်ငန်းစု၏ ကတိကဝတ်ကို ထင်ဟပ်စေလျက်ရှိပါသည်။ ရွှေသံလွင်လုပ်ငန်းစုအကြောင်းအကျဉ်း ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ မီဒီယာ၊ အိမ်ခြံမြေစီမံခန့်ခွဲမှု၊ ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ အပါအဝင် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းကဏ္ဍများအား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစုကြီး ဖြစ်သည်။ ‌ရွှေသံလွင်လုပ်ငန်းစု၏ အဓိကကုမ္ပဏီလုပ်ငန်းခွဲများမှာ Sky Net (ရွှေသံလွင်မီဒီယာ)၊ ရွှေသံလွင် အိမ်ခြံမြေ စီမံခန့်ခွဲမှု ကုမ္ပဏီ၊ ရွှေသံလွင်အမြန်လမ်းမတည်ဆောက်ရေး ကုမ္ပဏီနှင့် ရွှေဘဏ်တို့ ဖြစ်ကြကာ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ဆောင်ရွက်ပေးလျက် ရှိကြသည်။

တောင်ငူတွင် ရေဘေးဒဏ်ကို ခံခဲ့ရသည့် မိသားစုများအတွက် လိုအပ်သည့် ကူညီမှုများ ပေးလျက်ရှိ

ရွှေသံလွင်လုပ်ငန်းစုမှ ရေဘေးဒဏ်ကို ခံခဲ့ရသည့် နေရာဒေသများတွင် လိုအပ်သည့် ကူညီမှုများဖြင့် ဆက်လက် လှူဒါန်းထောက်ပံ့လျက်ရှိ