အိမ်ခြံမြေ

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အကြောင်း

ရွှေသံလွင်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတင် တည်ထောင်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်၏ ထိပ်တန်းလုပ်ငန်းစု တစ်ခုဖြစ်လာခဲ့ပါသည်။ ပြီးပြည့်စုံပြီး တီထွင်ဆန်းသစ်သည့် အထင်ကရ စီမံကိန်းများဖြင့် မြန်မာနိုင်ငံ၏ မြင်ကွင်းနှင့် မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

အဓိက စီမံကိန်းများ

ရွှေသံလွင်သည် နာမည်ကြီး အထင်ကရ စီမံကိန်းများစွာကို ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် ၎င်း၏ ကျွမ်းကျင်မှုနှင့် ယုံကြည်စိတ်ချရမှုကို ပြသနိုင်ခဲ့ပါသည်။ ထင်ရှားသော စီမံကိန်းအချို့မှာ -

• မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားဝန်းအတွင်း မီတာ ၂၀၀ အမြင့်ရှိ အသံလွှင့်တာဝါတိုင်

နိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှု စွမ်းရည်ကို တိုးတက်စေသော အထင်ကရ အဆောက်အအုံ။

Myanmar Information & Communications Technology Park (MICT Park)

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့၏ ပြယုဂ်၊ မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာလုပ်ငန်းကဏ္ဍကို အထောက်အကူဖြစ်စေသည့် အချက်အချာနေရာ။

စမ်းချောင်းမြို့နယ်ရှိ ပန်းလှိုင်လုံးချင်းအိမ်ရာ စီမံကိန်း

ခေတ်မီသည့် နေထိုင်မှု ပုံစံနှင့် အဆင့်မြင့် ဝန်ဆောင်မှုများပါရှိသည့် အိမ်ရာစီမံကိန်း။

ရန်ကင်းမြို့နယ်ရှိ ပညာဝတီ အိမ်ရာစီမံကိန်း

သက်တောင့်သက်သာရှိပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် နေထိုင်နိုင်သည့် အိမ်ရာစီမံကိန်း။

Sky Star Hotel နှင့် ရွှေဘဏ်တာဝါ

စီးပွားရေးနှင့် ဟိုတယ်လုပ်ငန်းကဏ္ဍကို တိုးတက်စေသည့် အဆင့်မြင့် အဆောက်အအုံများ။

ဆောက်လုပ်ရေး ကျွမ်းကျင်မှု

ရွှေသံလွင်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအမျိုးမျိုး၊ အဆောက်အဦမျိုးစုံအား စီမံခန့်ခွဲ လုပ်ကိုင်ပုံကို ကြည့်ခြင်းဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းကို သိနိုင်ပါသည်။ ရွှေသံလွင်မှ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများတွင် လုပ်ငန်းသုံးနှင့် လူနေထိုင်မှု နှစ်ခုစလုံးအတွက် အဆင်ပြေစေမည့် နှစ်ခန်းတွဲ ဆိုင်ခန်းများ ၊ သက်တောင့်သက်သာရှိစွာ နေထိုင်နိုင်မည့် အဆင့်မြင့် လုံးချင်းအိမ်များ၊ မြို့ပြလူနေမှုဘဝအတွက် လိုအပ်သော ဝန်ဆောင်မှုများပါဝင်သည့် အဆင့်မြင့် ကွန်ဒိုများ၊ မြို့၏ မြင်ကွင်းကို ပြောင်းလဲပေးနိုင်သည့် အထပ်မြင့် မျှော်စင်အဆောက်အဦများ၊ ပညာရေးနှင့် စက်မှုလက်မှု လုပ်ငန်းကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော တက္ကသိုလ် အဆောက်အဦများနှင့် စက်မှုဇုန် အဆောက်အဦတို့ ပါဝင်ပါသည်။

အနာဂတ် စီမံကိန်းများနှင့် လုပ်ငန်းတိုးချဲ့ခြင်း

ရွှေသံလွင်သည် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် လုပ်ငန်းများကို လုပ်ဆောင်သွားရန် ရည်ရွယ်ထားပါသည်။ ကုမ္ပဏီသည် အောက်ဖော်ပြပါများ အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ စီမံကိန်းအသစ်များကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

Sky ကွန်ဒိုမီနီယံ စီမံကိန်း

မြို့၏ မြင်ကွင်းကျယ် ရှုခင်းအလှအပများနှင့်အတူ အဆင့်မြင့် နေထိုင်မှုကို ပုံဖော်ပေးနိုင်မည့် အိမ်ရာစီမံကိန်း။

Villa Nova စီမံကိန်း

တိတ်ဆိတ်ငြိမ်သက်ပြီး နှင့် ခမ်းနားထည်ဝါသည့် လုံးချင်းအိမ်များပါရှိသည့် အိမ်ရာစီမံကိန်း။

ရွှေသံလွင်၏ ဆောက်လုပ်ရေးလုပ်ငန်းများသာမက အခြားလုပ်ငန်းများကိုလည်း လိုအပ်ချက်အပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်ပါသည်။

မြေကြီးလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ

လေဆိပ်တည်ဆောက်ရေးနှင့် အဝေးပြေးလမ်းမ အစရှိသော အထင်ကရ စီမံကိန်းများအတွက် မိမိတို့တွင်ရှိသည့် အကြီးစားစက်ကိရိယာများကို အသုံးပြု၍ ဆောင်ရွက်ပေးခြင်း။

သဘာဝဘေး ကယ်ဆယ်ရေးအတွက် ဆောက်လုပ်ခြင်းများ

မုန်တိုင်းဒဏ်ခံ လူ့အဖွဲ့အစည်းအတွက် အမိုးအကာများ ဆောက်လုပ်ပေးခြင်းဖြင့် နာဂစ် ဆိုင်ကလုန်း ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း။

ကျွန်ုပ်တို့၏ လုပ်ငန်းများ

သင်စိတ်ဝင်စားနိုင်မည့် အရာများ

မီဒီယာ

SkyNet မီဒီယာ

၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့သော SkyNet မီဒီယာသည် Pay TV နှင့် Free-to-Air ဝန်ဆောင်မှုများဖြင့် သတင်း၊ အားကစား၊ ဖျော်ဖြေရေးနှင့် အခြားများစွာသော အကြောင်းအရာများကို DTH ၊ DTT နှင့် မကြာမီတွင် ရရှိနိုင်မည့် OTT ပလပ်ဖောင်းများမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ပိုမိုသိရှိရန်

ဘဏ်

ရွှေဘဏ် (SHWE Bank)

ရွှေဘဏ် (SHWE Bank) သည် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေစုခြင်း၊ ချေးငွေများ၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ပြီးပြည့်စုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးနေသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိရန်