မီဒီယာ

SkyNet မီဒီယာ

SkyNet မီဒီယာအကြောင်း

ရွှေသံလွင်မီဒီယာ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် SkyNet မီဒီယာသည် စတင် တည်ထောင်ချိန်ကစ၍ မြန်မာနိုင်ငံ၏ နာမည်ကြီး မီဒီယာ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ကနဦး မီဒီယာဖြစ်သည့် Shwe FM ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သဖြင့် ရွှေသံလွင် မီဒီယာကုမ္ပဏီအဖြစ် မှတ်ပုံတင်ကာ ၂၀၁၁ ခုနှစ်တွင် SkyNet မီဒီယာကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်ဆင့် ပြည်သူများအတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတနှင့် ဖျော်ဖြေရေးအစီအစဉ်များကို DTH ကွန်ရက် နှင့် ဒီဂျစ်တယ် ပလပ်ဖောင်း ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံကို ကမ္ဘာအနှံ့ရှိ အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်ပေးလျက်ရှိပါသည်။

SkyNet မီဒီယာမှ ကြည့်ရှုသူများအတွက်ပေးသော အဓိက ဝန်ဆောင်မှုနှစ်ခုမှာ -

Pay TV

မိမိကြိုက်နှစ်သက်သော ရုပ်သံလိုင်းများအတွက် အခကြေးငွေပေးသွင်း၍ ကြည့်ရှုနိုင်သည့် ဝန်ဆောင်မှု။

Free-to-Air TV

ကြော်ငြာခနှင့် စပွန်ဆာများမှ ရရှိသည့် ကူညီထောက်ပံ့မှုများကြောင့် အခမဲ့ ကြည့်ရှုနိုင်သော ဝန်ဆောင်မှု။

SkyNet မီဒီယာသည် ၎င်း၏ ရုပ်မြင်သံကြားလိုင်းများကို DTH (Direct to Home) နှင့် DTT (Digital Terrestrial Television) ပလပ်ဖောင်းများမှ တစ်ဆင့် ဖြန့်ဝေပါသည်။ OTT (Over-the-top) ပလပ်ဖောင်းများအတွက် ၀ယ်လိုအား မြင့်တက်လာခြင်းနှင့်အတူ လူငယ်အများစုသည် အားလပ်ချိန်များကို virtual world တွင် ကုန်ဆုံးလာခြင်းတို့ကြောင့် SkyNet သည် ခေတ်ရေစီးကြောင်းနှင့်အညီ လုပ်ဆောင်ရန် အစီအစဥ်များ ရှိပါသည်။

SkyNet မီဒီယာမှ ထုတ်လွှင့်သော အကြောင်းအရာများမှာ -

  • ဖျော်ဖြေရေး
  • အားကစား
  • သတင်းအချက်အလက်
  • ပညာပေး
  • မှတ်တမ်းရုပ်ရှင်များ
  • ကလေးနှင့် လူငယ်များအတွက် ကြည့်ရှုစရာများ

 

SkyNet မီဒီယာသည် ဒေသတွင်းရှိ အကြောင်းအရာများကို ဝယ်ယူပြီး ထုတ်လွှင့်ရုံသာမက ရုပ်ရှင်ဇာတ်လမ်းများကို ရိုက်ကူးထုတ်လုပ်သည့် ကိုယ်ပိုင် ထုတ်လုပ်ရေးအဖွဲ့လည်း ရှိပါသည်။ ထို့အပြင် SkyNet သည် အင်္ဂလိပ်ပရီးမီးယားလိဂ်နှင့် နိုင်ငံခြားဇာတ်လမ်းများ အစရှိသည်တို့ကိုလည်း ပြည်ပမှဝယ်ယူပြီး ထုတ်လွှင့်ပေးပါသည်။

SkyNet DTH၏ ရုပ်သံလိုင်းများကို နိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုနိုင်ပြီး ပြောင်းလဲလာသော ကြည့်ရှုမှုပုံစံ ဖြစ်သည့် အထူးသဖြင့် လူငယ်များအနေနှင့် အွန်လိုင်းမှ ကြည့်ရှုလာြခင်းနှင့် လိုက်လျောညီထွေဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပြောင်းလဲမှုသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်မှ စတင်ခဲ့ပြီး ကြည့်ရှုသူများသည် virtual ပလက်ဖောင်းများကို ပိုမိုအသုံးပြုလာကြပါသည်။ ကိုရီးယား ပေါ့ပ်ယဉ်ကျေးမှုနှင့် အွန်လိုင်း ပလက်ဖောင်းများသည်လည်း လူငယ်များအကြားတွင် ပို၍ ခေတ်စားလာခဲ့ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းများ

သင်စိတ်ဝင်စားနိုင်မည့် အရာများ

ဘဏ်

ရွှေဘဏ် (SHWE Bank)

ရွှေဘဏ် (SHWE Bank) သည် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေစုခြင်း၊ ချေးငွေများ၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ပြီးပြည့်စုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးနေသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ပိုမိုသိရှိရန်

အိမ်ခြံမြေ

ရွှေသံလွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး

ရွှေသံလွင်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူနေအိမ်၊ လုပ်ငန်းသုံး အဆောက်အအုံ၊ ပညာရေးနှင့် နည်းပညာဆိုင်ရာ အဆောက်အအုံများ အပါအဝင် အထင်ကရ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး စီမံကိန်းများဖြင့် မြန်မာနိုင်ငံ၏ မြင်ကွင်းပုံရိပ်နှင့် မြို့ပြကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ပိုမိုသိရှိရန်