ရွှေသံလွင်သည် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု  (CSR) လုပ်ငန်းစဥ်များအတွက်  AMCHAM  မှ ပေးအပ်သော  Captain of Industry Award  ကို ရရှိခြင်း

AMCHAM Myanmar မှ ချီးမြှင့်သည့် Corporate Social Responsibility Excellence for Industry Captain Award ကို ရွှေသံလွင်မှ လက်ခံရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ လုပ်ငန်းများသည် ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာစေရန် လုပ်ဆောင်နိုင်သည့်အပြင် လုပ်ဆောင်သင့်သည်ဟူသော ကျွန်ုပ်တို့၏ ယုံကြည်မှုနှင့် တစ်ထပ်တည်းကျသော အဆိုပါဆုသည် ကျွန်ုပ်တို့အတွက် တန်ဖိုးရှိလှပါသည်။

The Captain of Industry Award

အရေးကြီးပုံ

ကျွန်ုပ်တို့သည် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု (CSR) ကို တာဝန်ဝတ္တရားအရ လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ပညာရေးကို ပံ့ပိုးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီစေခြင်း (သို့) ရေရှည် တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဥ်များကို အစပျိုးခြင်းများအပြင် ကျွန်ုပ်တို့သည် ပိုမိုကြံ့ခိုင်သန်မာပြီး လူတိုင်းပါဝင်နိုင်သော မြန်မာနိုင်ငံ တည်ဆောက်ရေးကို အာရုံစိုက် လုပ်ဆောင်ပါသည်။ အဆိုပါဆုသည် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါသည်။ အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် စီးပွားရေးလုပ်ခြင်းကို သီးခြားပန်းတိုင်များအဖြစ် သတ်မှတ်မည့်အစား ဒွန်တွဲလုပ်ဆောင်နိုင်သည်ကို သက်သေပြလိုက်ခြင်း ဖြစ်ပါသည်။

မီဒီယာ၊ ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး အစရှိသော လုပ်ငန်းများကို အဓိကလုပ်ကိုင်သည့်  လုပ်ငန်းစုတစ်ခုအနေဖြင့် ကျွန်ုပ်တို့ကို ပံ့ပိုးကူညီပေးသည့် လူ့အဖွဲ့အစည်းများအတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု ခံစားမိပါသည်။ ပညာရေး၊ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး (သို့) ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဥ်များဖြင့် အနှစ်သာရရှိပြီး ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖန်တီးပေးနိုင်ရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။

အောင်မြင်မှုကို တိုင်းတာရာတွင် လုပ်ငန်းအမြတ်ဝင်ငွေများဖြင့် တိုင်းတာရုံသာမက ပြည်သူနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိစေမည့် လုပ်ငန်းများ လုပ်ဆောင်ထားမှုအပေါ်တွင်လည်း များစွာမူတည်နေသည်ကို အဆိုပါဆုမှ မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် CSR ဆိုသည်မှာ တွေးခေါ်မှု တစ်ခုတင်မဟုတ်ဘဲ ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုတွင် ထည့်သွင်းမြှုပ်နှံထားသော အရာတစ်ခုဖြစ်ပါသည်။

တိုးတက်မှု မှတ်တိုင်တစ်ခု

AMCHAM မှ ဤဆုကို လက်ခံရရှိခြင်းသည် ဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်သော်လည်း လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ရန် လှုံ့ဆော်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းရည်မှန်းချက်များကို လူ့အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဥ်များနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများမှာ မှန်ကန်သည်ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သော နှစ်များတွင် ကျွန်ုပ်တို့သည် ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ ၊ အလုပ်အကိုင် အခွင့်အလမ်းများ (သို့) အနာဂတ် မျိုးဆက်သစ်များကို မြှင့်တင်ပေးနိုင်မည့် ပညာရေးဆိုင်ရာ အစီအစဉ်များဖြင့် ပံ့ပိုးကူညီခြင်း အစရှိသည့် CSR ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏ အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားခဲ့ပါသည်။

Captain of Industry Award သည် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုရုံတင်မက ကျွန်ုပ်တို့သည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ကြောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ ရွှေသံလွင်ကို လုပ်ငန်းအဖွဲ့အစည်းတစ်ခုထက် သာလွန်အောင် ပုံဖော်ပေးနိုင်သည့် မျှော်မှန်းချက်၊ ညီညွတ်မှုရှိသည့် အဖွဲ့လိုက် လုပ်ဆောင်မှုနှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များကို ဂုဏ်ပြုလိုက်ခြင်း ဖြစ်သည့်အပြင် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း၏ အောင်မြင်မှုသက်သေလည်း ဖြစ်ပါသည်။ တာဝန်ယူသိတတ်သည့် တီထွင်ဆန်းသစ်မှုများဖြင့် မြန်မာနိုင်ငံ၏ ကော်ပိုရိတ်ကဏ္ဍတွင် စံနမူနာအဖြစ် ဆက်လက်ဦးဆောင်သွားရန် ကျွန်ုပ်တို့ကို တိုက်တွန်းလှုံ့ဆော်ပေးနေခြင်း ဖြစ်ပါသည်။

သင်စိတ်ဝင်စားနိုင်မည့် အရာများ

တောင်ငူတွင် ရေဘေးဒဏ်ကို ခံခဲ့ရသည့် မိသားစုများအတွက် လိုအပ်သည့် ကူညီမှုများ ပေးလျက်ရှိ

ရွှေသံလွင်လုပ်ငန်းစုမှ ရေဘေးဒဏ်ကို ခံခဲ့ရသည့် နေရာဒေသများတွင် လိုအပ်သည့် ကူညီမှုများဖြင့် ဆက်လက် လှူဒါန်းထောက်ပံ့လျက်ရှိ

အောင်မြင့်မို ကိုဗစ်စင်တာ - မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးခြင်း