ရွှေသံလွင်လုပ်ငန်းစုက FIBA MAP Myanmar 2025 သင်တန်းအတွက် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အား ပံပိုးကူညီ
ရန်ကုန်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်။ ရွှေသံလွင်ကုမ္ပဏီသည် မြန်မာ့အားကစားနှင့် လူမှုအသိုက်အ ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်အတူ မြန်မာဘတ်စကတ်ဘော ဖွံ့ဖြိုးတိုးတက်ရေးအတွက် FIBA Map Myanmar 2025 သင်တန်းအား ပံ့ပိုးကူညီပေးခဲ့ပါသည်။
FIBA Map Myanmar 2025 သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကာ လက်ဘနွန်နိုင်ငံသား သင်တန်းနည်းပြဖြစ်သူ Mr. Garen Boyajian က ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြကာ သင်တန်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဘတ်စကတ်ဘောအဖွဲ့ချုပ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်စီမံရေးဆိုင်ရာ အွန်လိုင်းပလက် ဖောင်း (FIBA Management & Administration Platform-MAP) တွင် ဘတ်စကတ်ဘောနှင့် သက်ဆိုင်သည့် အချက်အလက်များအား စီမံနိုင်သည့် အသိပညာများ တိုးမြင့်လာစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ် ပါသည်။
မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရန်လင်းအောင်က “ဒီသင်တန်း က ကျွန်တော်တို့ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အတွက် အတော့်ကို တန်ဖိုးရှိတဲ့သင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်းက ရရှိတဲ့ နည်းပညာတွေကြောင့် FIBA MAP လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘတ်စကတ်ဘော အဖွဲ့ချုပ် (FIBA) အွန်လိုင်းပလက်ဖောင်းကနေ ဘတ်စကတ်ဘော လုပ်ငန်းဆောင်တာတွေကို ပိုပြီး မြန်မြန် ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီ FIBA MAP အွန်လိုင်း ပလက်ဖောင်းမှာ ကစားသမားမှတ်ပုံ တင်တာနဲ့ FIBA အသိအမှတ်ပြု သင်တန်းတွေရဲ့ ရလဒ်တွေကို စောင့်ကြည့်လို့ရတာကြောင့် ကျွန်တော်တို့ MBF အတွက် အတော်အသုံးဝင်တဲ့ အွန်လိုင်းပလက်ဖောင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဒီလိုမျိုး သင်တန်းတွေ အများကြီး ရှိလာမယ်လို့ မျော်လင့်ပါတယ်။” ဟု ဖွင့်ဟခဲ့သည်။
အဆိုပါသင်တန်းသည် FIBA က မြန်မာနိုင်ငံအတွက် ပြုလုပ်ပေးသော ပထမဆုံးသင်တန်းဖြစ်ပါသည်။ FIBA အနေဖြင့် ယင်းအဖွဲ့ဝင်နိုင်ငံများ၏ ဘတ်စကတ်ဘောအဖွဲ့ချုပ်များအား နိုင်ငံတကာဘတ်စကတ်ဘောပြိုင်ပွဲ များ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ကူညီပေးရန်ရည်ရွယ် ချက်ဖြင့် ယခုကဲ့သို့သော သင်တန်းမျိုးလာရောက် ပို့ချပေးခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်၌ MBF သည် ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်အမျိုးသားဘတ်စကတ်ဘောအသင်းကို နိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်ရန် စေလွှတ်သွားရေးအတွက် စီစဉ်လျက်ရှိပါသည်။
“ဒစ်ဂျစ်တယ်ဘတ်စကတ်ဘောအသိုက်အဝန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဘတ်စကတ်ဘော အဖွဲ့ချုပ်ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးမယ့် ဒီလိုသင်တန်းမျိုးကို ပံ့ပိုးကူညီပေးရတဲ့အတွက် ဝမ်း မြောက်မိပါ တယ်။ ဒီလိုမျိုးပံ့ပိုးမှုတွေက MBF ရဲ့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံဘတ်စကတ်ဘော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု ရွှေသံလွင်လုပ်ငန်းစု အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဲနိုးစံက ပြောကြားသည်။
ယခုကဲ့သို့ ပံ့ပိုးမှုများက မြန်မာနိုင်ငံအားကစားကဏ္ဍအနာဂတ်ကို မြှင့်တင်ပေးရန်အတွက် ခိုင် မာအားကောင်း သည့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်မှုများ အတွက် တွန်းအားပေး ရန် ရွှေသံလွင်လုပ်ငန်းစု၏ ကတိကဝတ်ကို ထင်ဟပ်စေလျက်ရှိပါသည်။
ရွှေသံလွင်လုပ်ငန်းစုအကြောင်းအကျဉ်း
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ မီဒီယာ၊ အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ အပါအဝင် အမျိုးမျိုး သော စီးပွားရေးလုပ်ငန်းကဏ္ဍများအား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစုကြီး ဖြစ်သည်။ ရွှေသံလွင်လုပ်ငန်း စု၏ အဓိကကုမ္ပဏီလုပ်ငန်းခွဲများမှာ Sky Net (ရွှေသံလွင်မီဒီယာ)၊ ရွှေသံလွင်အိမ်ခြံမြေ၊ ရွှေသံလွင်အမြန် လမ်းမတည်ဆောက်ရေးနှင့်ရွှေဘဏ်တို့ဖြစ်ကြပြီး မြန်မာနိုင်ငံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့် တနေရာမှ ဆောင်ရွက်ပေးလျက် ရှိကြသည်။