ရန်ကုန်၊ မြန်မာ — ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက် — ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အင်အားကြီး မားသည့် မြေငလျင်လှုပ်ခတ်အပြီးတွင် ရွှေသံလွင်လုပ်ငန်းစုသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင် ခဲ့ပြီး မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ရက် ပေါင်း ၆၂ ရက် ဆက်တိုက် အစာအာဟာရ ထမင်းဟင်း အနပ်ပေါင်း သုံးသန်းနီးပါး ထောက်ပံ့ခဲ့ပါသည်။
ယခုကဲ့သို့ သမိုင်းဝင် အစာအာဟာရများ ချက်ပြုတ်လှူဒါန်းခြင်းကို မတ်လ ၃၁ ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်ပြီး ရွှေသံ လွင် လုပ်ငန်းစု၏ အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်မှုများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။ Sky Net၊ SHWE Bank၊ MO Money နှင့် Mandala အပါအဝင် ရွှေသံလွင်၏ လုပ်ငန်းခွဲများမှ စေတနာ့ဝန်ထမ်း ရာပေါင်း များစွာက ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ နေ့စဉ် လတ်ဆတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ ပြင် ဆင်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အတွက် ၎င်းတို့၏ အချိန်နှင့် လုပ်အားများကို ပေးဆပ်ကာ ကူညီပံ့ပိုးခဲ့ကြပါသည်။
အစာအာဟာရများ ချက်ပြုတ်ဖြန့်ဝေပေးခြင်းအပြင် ရွှေသံလွင်လုပ်ငန်းစုက အောက်ပါ အရေးပေါ်အကူအညီများ ကိုလည်း ပေးအပ်ခဲ့ပါသည်-
- စတီးလ်ရေလှောင်ကန်များနှင့် သောက်သုံးရေသန့်များ
- ဆေးဝါးနှင့် ရှေးဦးသူနာပြုအထောက်အကူပြုပစ္စည်းများ
- ဆိုလာမီးသီးများနှင့် တစ်ကိုယ်ရေသုံးသန့်စင်ရေးပစ္စည်းများ
- ယာယီခိုလှုံရာစခန်းများအတွက် ရွေ့လျားအိမ်သာများ
လှူဒါန်းမှုဆိုင်ရာ လုပ်ငန်းများကို ဒေသန္တရဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်တွင်း ထောက်ပံ့ ပို့ဆောင်မှုများ နှင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ စေတနာသဒ္ဓါတရားထက်သန်သော ပံ့ပိုးမှုများ ပေါင်းစပ်ကာ ဆောင်ရွက်နိုင် ခဲ့ခြင်း ဖြစ်ပါသည်။
ရွှေသံလွင်လုပ်ငန်းစုသည် မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်သင့်ပြည်သူများကို ကူညီပံ့ပိုးရန် ၄င်း၏ ကတိက ဝတ်ကို နှစ်ပေါင်းများစွာကြာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ မိုခါမုန်တိုင်း၊ နာဂစ်မုန်တိုင်း၊ ရခိုင်ဒေသတွင်း ရေကြီးမှု များနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှုများ အပါအဝင် သဘာဝဘေးဒဏ်ကြောင့် အခက်အခဲကြုံတွေ့ခဲ့ရ သည့် ကာလများတွင်လည်း ရွှေသံလွင်လုပ်ငန်းစုသည် အရေးပေါ် လိုအပ်သောပြည်သူများအတွက် အစာအာဟာ ရများ၊ စားနပ်ရိက္ခာနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများအား သိန်းနှင့်ချီ၍ ထောက်ပံ့ပေးခဲ့ပါသည်။
ယခုကဲ့သို့သော ကြီးမားသည့်လှူဒါန်းမှုများက အကြပ်အတည်းကာလများတွင် မြန်မာပြည်သူများနှင့်အတူ ရပ် တည်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းများ ရေရှည်ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စေရေးတို့တွင် ရင်းနှီးမြှုပ်နှံ သွားရန် ရွှေသံလွင်လုပ်ငန်းစု၏ ရည်မှန်းချက်တာဝန်ကို ပြန်လည်အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ရွှေသံလွင် လုပ်ငန်းစုသည် သဘာဝဘေးအန္တရာယ်ကာလများတွင် မြန်မာ့လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီရန် ၎င်း၏ မယိမ်းမယိုင်သော ကတိကဝတ်ကို အစဉ်တစိုက် ပြသနေပြီး ၎င်းတို့၏ခံနိုင်ရည်ရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများအတွက် ကြိုးပမ်းအားထုတ်မှုများတွင် သိသာထင်ရှားစွာ ပံ့ပိုးကူညီလျက်ရှိပါသည်။