ရွှေသံလွင် လုပ်ငန်းစု၏ မြေငလျင် ကယ်ဆယ်ရေး ကြိုးပမ်းမှုအနေဖြင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ငလျင်လှုပ်ခတ်မှုဒဏ်ခံရသော ပြည်သူများထံ အဟာရဒါန ထမင်းဗူး တစ်သန်းကျော်ကို ပေးဝေနိုင်ခဲ့ကာ သိသာထင်ရှားသော မှတ်တိုင်တစ်ခုရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးအပ်ပါသည်။
မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ရွှေသံလွင်လုပ်ငန်းစု နှင့် ၄င်း၏ ကုမ္ပဏီလုပ်ငန်းခွဲများဖြစ်သည့် Sky Net၊ SHWE Bank၊ MO Money၊ Mandala တို့မှ စေတနာ့ဝန်ထမ်းများ၏ တတပ်တအား ပါဝင်ပူးပေါင်းမှုနှင့် အတူ ငလျင်ဒဏ် အဓိကထိခိုက်မှုများသော ဒေသများရှိ ပြည်သူများအတွက် မြေပြင်သို့သွားရောက်ပြီး ထမင်းဗူးများကို ချက်ပြုတ်ဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိပါသည်။ ထမင်းဗူးအရေအတွက် ၄၀,၀၀၀ မှ စတင်ခဲ့သည့် ရွှေသံလွင်လုပ်ငန်းစု၏ အာဟာရဒါန ချက်ပြုတ်လှူဒါန်းမှုသည့် စာနာဖေးမ ကူညီမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ရှိမှုများအတွက် ပြယုဂ်အဖြစ် ယနေ့အချိန်တွင် နေရာဖြန့်ကျက်၍ ငလျင်ဒဏ်သင့်ဒေသများသို့ တိုးချဲ့လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ရွှေသံလွင်လုပ်ငန်းစုသည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ကြရသည့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်ဒေသများအတွက် အာဟာရဒါနထမင်းဗူးလှူဒါန်းမှုများကို အထူးအလေး အနက်ထား ဆောင်ရွက်ခဲ့ကြပြီး များစွာသော ငလျင်ဒဏ်သင့် မြို့နယ်များနှင့် ကျေးရွာများအထိ ထမင်း ဗူးများ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့သည်။ လှူဒါန်းလိုက်သည့် ထမင်းဗူးတစ်ဗူးချင်းစီသည် ငလျင်ဒဏ်သင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် အစာအာဟာရ ဖြစ်ရုံမကပဲ မျှော်လင့်ချက်နှင့် စည်လုံးညီညွတ် မှု စိတ်စွမ်းအားကို သယ်ဆောင်ဖြန့်ဝေပေးနိုင်မှုလည်း ဖြစ်ပါသည်။
ရွှေသံလွင်လုပ်ငန်းစုနှင့် ကုမ္ပဏီလုပ်ငန်းခွဲများ၏ ဝန်ထမ်းများ၏ ထက်သန်သော စိတ်ဆန္ဒ၊ စေတနာ့ ဝန်ထမ်းများ၏ ကြီးမားသော ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပြည်တွင်း၊ ပြည်ပမှ ထည့်ဝင်လှူဒါန်းကြ သည့် အလှူရှင်များ၏ ရက်ရောသော စေတနာသဒ္ဒါတရားတို့ မပါဝင်ပဲ ယခုကဲ့သို့သော လှူဒါန်းနိုင်မှု မှတ်တိုင်ကို စိုက်ထူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ ရွှေသံလွင်လုပ်ငန်းစုအနေဖြင့် ငလျင်ဒဏ်သင့် ပြည်သူ များအတွက် လှူဒါန်းမှုများတွင် ပူးပေါင်းပါဝင်ကူညီသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ၎င်းတို့၏ ကူညီထောက်ပံ့မှုများသည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အဓိပ္ပါယ်ရှိပြီး ရှည် ကြာသော ကောင်းကျိုးသက်ရောက်မှုရှိသည့် လှူဒါန်းမှုမျိုး ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
ရွှေသံလွင်လုပ်ငန်းစု၏ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဆောင်ရွက်ချက်များကို ထပ်မံလေ့လာကြည့် ရှုလိုပါက ကျွန်ုပ်တို့၏ အောက်ဖော်ပြပါ blog နှင့် ရွှေသံလွင်လုပ်ငန်းစု၏ LinkedIn Video မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည် _ blog and STL Group LinkedIn Video
ရွှေသံလွင်လုပ်ငန်းစုအနေဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလမ်းကြောင်း တလျှောက်ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားရင်းဖြင့် မြန်မာပြည်သူများနှင့် အတူတကွ ရပ် တည်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိကဝတ်ပြုအပ်ပါသည်။