ရွှေသံလွင်လုပ်ငန်းစုက ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူပေါင်းနှစ်သန်းကျော်စာအတွက် ထမင်းဟင်းများ လှူဒါန်းမှု ပြုလုပ်ပေးခဲ့ရာ နောက်ထပ် မှတ်တိုင်တစ်ခုထပ်မံရောက်ရှိခဲ့ပြီ

ရန်ကုန်၊ မြန်မာ - ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။

ရွှေသံလွင်လုပ်ငန်းစုက မြန်မာနိုင်ငံတဝှမ်း လတ်တလော ဖြစ်ပွားခဲ့သည့် မြေငလျင်ဘေးဒဏ်သင့် ထိခိုက်ခံခဲ့ရ သော မိသားစုများနှင့် တစ်ဦးချင်းစီအတွက် အာဟာရဒါန ထမင်းဟင်းများ လူပေါင်း ၂ သန်းကျော်စာ လှူဒါန်းနိုင်ခဲ့ ပြီ ဖြစ်ကြောင်း ငလျင်ကယ်ဆယ်ရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်အလက်များကို ဝမ်းမြောက်စွာဖြင့် ဖော်ပြ အပ်ပါသည်။

ဤကဲ့သို့ ထမင်းဟင်း လူပေါင်း ၂ သန်းကျော်စာ လှူဒါန်းနိုင်ခဲ့မှုက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် အဟာရလိုအပ်ချက်ပမာဏကို ဖော်ပြနေရုံသာမက ကျွန်ုပ်တို့ရွှေသံလွင်လုပ်ငန်းစု၏ ငလျင်ဒဏ်သင့်ပြည်သူတွေ အတွက် ပမာဏကြီးမားသည့် လိုအပ်ချက်အတွက် တုံ့ပြန်ပံ့ပိုးကူညီပေးနိုင်မှုကိုလည်း ဖော်ပြနေပါသည်။ ထမင်းဗူး ပေါင်း ၄၀,၀၀၀ မှ စတင်ခဲ့ပြီး ယနေ့အချိန်ထိ ထမင်းဟင်းကို လူပေါင်း ၂ သန်းကျော်စာအထိ ဆက်လက် လှူဒါန်း နိုင်မှုက ကျွန်ုပ်တို့ရွှေသံလွင်လုပ်ငန်းစု ဝန်ထမ်းများ၊ စေတနာ့လုပ်အားပေးများနှင့် သဒ္ဒါတရားထက် သန်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းလှူဒါန်းခဲ့ကြသည့် မိတ်ဆွေကုမ္ပဏီအဖွဲ့အစည်းများ၏အင်အားကတဆင့် စုပေါင်းညှိနှိုင်းဆောင် ရွက်သည့် ကြိုးပမ်းအားထုတ်မှု၏ အကျိုးရလဒ်ပင် ဖြစ်ပါသည်။

မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ရွှေသံလွင်လုပ်ငန်းစု နှင့် ၄င်း၏ ကုမ္ပဏီလုပ်ငန်းခွဲများဖြစ်သည့် Sky Net၊ SHWE Bank၊ MO Money၊ Mandala နှင့် အခြားသော လုပ်ငန်းခွဲများမှ စေတနာ့ဝန်ထမ်းများ၏ တတပ်တအား ပါဝင်ပူး ပေါင်းမှုနှင့်အတူ ငလျင်ဒဏ် အဓိကထိခိုက်မှုများသော ဒေသများရှိ ပြည်သူများအတွက် မြေပြင်သို့သွားရောက်ပြီး ထမင်းဗူးများ ချက်ပြုတ်ဖြန့်ဝေလှူဒါန်းမှုများအား အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေလျက်ရှိပါသည်။ အာဟာရဒါနထမင်းဗူးလှူဒါန်းမှုများ ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပံ့ပိုးမှု အရေးပေါ်လိုအပ်နေ သည့် မြို့နယ်များနှင့် ကျေးလက်ဒေသများအနှံ့ ဖြန့်ကျက်ကာ နေပြည်တော်၊ မန္တလေး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကဲ့သို့သော အရေးပါသော ဇုန်များကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှုအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့် အစာအဟာရ ထမင်းဟင်းများ ချက် ပြုတ် လှူဒါန်းမှုကို အဓိကကျသည့် လှူဒါန်းမှုအစီအစဉ်အနေဖြင့် ဆောင်ရွက်နေစဉ်မှာပဲ ရွှေသံလွင်လုပ်ငန်းစု သည် ငလျင်ဒဏ်သင့် မိသားစုများအတွက် အခြားလိုအပ်သည့်အကူအညီ အထောက်အပံ့များကိုလည်း ‌တိုးချဲ့ လုပ်ဆောင်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ လက်ရှိလုပ်ဆောင်နေသော ပံ့ပိုးကူညီမှုများမှာ-

- ရေမှတဆင့် ဖြစ်ပွားနိုင်သည့် ရောဂါများ ကြိုတင်တားဆီးနိုင်ရေးအတွက် သန့်ရှင်းသည့် သောက်သုံးရေ များ ရရှိရေး ဆောင်ရွက်ခြင်း

- အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ ‌ထောက်ပံ့ကူညီခြင်း

- ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေများအား လျှော့ချပြီး သန့်ရှင်းမှုကို မြှင့်တင်နိုင်ရေးအတွက် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ ဖြန့်‌ဝေလှူဒါန်းခြင်း

- ငလျင်ဘေးရှောင်တည်းခိုနေထိုင်ရာ စခန်းများ၏ လူနေမှုအခြေအနေများ မြှင့်တင်ရေးအတွက် ရွှေ့ ပြောင်းနိုင်သည့် အိမ်သာများ ပံ့ပိုးပေးခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများ၏ ထက်သန်သော စိတ်ဆန္ဒ၊ ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင်များ၏ ရက်ရောသော စေတနာသဒ္ဒါတရားတို့၏ အင်အားကြောင့်သာ ယခုကဲ့သို့သော မှတ်တမ်းစိုက်ထူနိုင်သည့် လှူဒါန်းမှုမျိုးကို လုပ် ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ လှူဒါန်းလိုက်သည့် ထမင်းဗူးတိုင်းသည် ကျွန်ုပ်တို့ အတူမျှဝေထားသည့် လူသား ဆန်မှု၏ သင်္ကေတဖြစ်ပြီး ကျွ်န်ုပ်တို့၏ ဆောင်ရွက်ချက်တိုင်းသည် ငလျင်ဒဏ်သင့်ပြည်သူများ၏ ဘဝများအတွက် ပြန်လည်တည်ဆောက်ပေးရေး လုပ်ငန်းစဉ်အတွက် ခြေလှမ်းတစ်လှမ်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် STL Group သည်လည်း မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ မကျန်စေရေးအတွက် အဓိပ္ပါယ်ရှိသော ရေရှည်ပံ့ပိုးမှုပေးရန် ကတိက ဝတ်ကို ထပ်မံအတည်ပြုပါသည်။

သင်စိတ်ဝင်စားနိုင်မည့် အရာများ

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရွှေသံလွင်လုပ်ငန်းစုက ချက်ပြုတ်လှူဒါန်းပေးဝေလျက်ရှိသော အာဟာရဒါနထမင်းဗူးပေါင်း တစ်သန်း ပြည့်မြောက်သည့် မှတ်တိုင်တစ်ခု ရောက်ခဲ့ပြီ

ရွှေသံလွင်လုပ်ငန်းစုက ငလျင်ဒဏ်ခံရသော ပြည်သူများသို့ ငွေကြေးနှင့် မရှိမဖြစ်လိုအပ်သော စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

ရွှေသံလွင်လုပ်ငန်းစုက FIBA MAP Myanmar 2025 သင်တန်းအတွက် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အား ပံပိုးကူညီ