တည်ထောင်သူနှင့် ဥက္ကဋ္ဌ

ဦးကျော်ဝင်း

U Kyaw Win

About ဦးကျော်ဝင်း

Kyaw Win is the founder of Shwe Than Lwin and one of Myanmar’s leading entrepreneurs. As a prominent figure in Myanmar’s business landscape, he is the visionary founder and driving force behind some of Myanmar’s leading brands in the media, construction, education and banking sectors. His journey from humble beginnings to building a diversified entrepreneurs mark him out as one of the most remarkable entrepreneurs and private business owners in Myanmar today.

ငယ်စဉ်ဘဝနှင့် ပညာရေး

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သော ဦးကျော်ဝင်းသည် အလုပ်ကြိုးစားမှု၊ သမာဓိရှိမှုနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုခြင်း၏ တန်ဖိုးများကို နားလည်အောင် သင်ကြားပေးခဲ့သော နွေးထွေးသည့် မိသားစုတွင် ကြီးပြင်းခဲ့သူဖြစ်ပါသည်။ သူ၏ အစောပိုင်းကာလ ပညာရေးမှ အနာဂတ် အောင်မြင်မှုအတွက် အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပါသည်။ ဦးကျော်ဝင်းသည် ဒေသတွင်းရှိ ကျောင်းများတွင် တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် အဆင့်မြင့်ပညာကို ရန်ကုန်တက္ကသိုလ်တွင် သင်ယူခဲ့ပါသည်။

ဦးကျော်ဝင်းအနေဖြင့် သူ၏ အောင်မြင်မှုများသည် ငယ်ရွယ်စဥ်က သင်ယူခဲ့သော ပညာရေး အတွေ့အကြုံများမှ ရရှိခဲ့သည်ဟု ဆိုပါသည်။ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်ချက် ချနိုင်ခြင်းတို့အတွက် ပညာရေးသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်ကို သူနားလည် သဘောပေါက်ပါသည်။ ငယ်စဥ်အခါ ဆရာသမားများမှ ပျိုးထောင်သင်ကြားပေးခဲ့သည့် ကြိုးစားမှု၊ ရိုးသားမှုနှင့် သမာဓိရှိမှု အစရှိသည့် အခြေခံမူများ၏ အဖိုးတန်မှုကို သူ၏ စွန့်ဦးတီထွင် လုပ်ငန်းများတွင် သက်သေပြနိုင်ခဲ့ပါသည်။

ငယ်စဥ်အခါက မိသားစု စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ရာကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကနေတစ်ဆင့် လုပ်ငန်းကဏ္ဍအမျိုးမျိုးမှာ ထိပ်သီးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နိုင်ခဲ့တဲ့ ကျွန်တော်ရဲ့ ဘဝခရီးလမ်းဟာဆိုရင် ခံနိုင်ရည်ရှိမှု၊ တီထွင်ဆန်းသစ်မှုနှင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးတာတွေနဲ့ ပြည့်နှက်နေပါတယ်။

— ဦးကျော်ဝင်း၊ တည်ထောင်သူနှင့် ဥက္ကဋ္ဌ

ကျွန်တော်ရဲ့ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံရဲ့ နောင်လာမဲ့ မျိုးဆက်သစ်တွေ တိုးတက်ပြီး ဦးဆောင်လုပ်ကိုင်နိုင်လာအောင် လမ်းဖောက်ပေးနိုင်ခဲ့ဖို့ နှင့် ရေရှည်မှာ တည်တံ့ခိုင်မြဲပြီး ပြီးပြည့်စုံတဲ့ အမွေအနှစ်တစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

— ဦးကျော်ဝင်း၊ တည်ထောင်သူနှင့် ဥက္ကဋ္ဌ

ရွှေသံလွင်လုပ်ငန်းစုကို တည်ထောင်ခြင်း

ဦးကျော်ဝင်း၏ စွန့်ဦးတီထွင်ခရီးသည် သူ့ဦးလေး၏ တာယာဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ခြင်းမှ စတင်ခဲ့ပါသည်။ သူသည် လက်တွေ့လုပ်ကိုင် သင်ယူမှုကြောင့် လုပ်ငန်းနှင့်ပတ်သက်သည့် သဘောတရားများကို လျင်မြန်စွာ တတ်မြောက်နားလည်လာခဲ့ပါသည်။

အဆိုပါ တာယာဆိုင်တွင် သူသည် အလိုမရှိသည့် တာယာများကို pickup မော်တော်ယာဥ်အဟောင်းတစ်စီးနှင့် လဲလှယ်ခဲ့ခြင်းဖြင့် ကုန်သွယ်ရေး အခွင့်အလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုမှစ၍ သူ၏ မော်တော်ယာဥ် ရောင်းဝယ်ရေးလုပ်ငန်းကို စတင်ခဲ့ပါသည်။ ဦးကျော်ဝင်းသည် ဂျပန်မှ မော်တော်ယာဥ်အဟောင်းများကို တင်သွင်းရာခဲ့ရာမှ ကုန်တင်ကားများ၊ ဘတ်စ်ကားများနှင့် မြေတူးစက်များ အစရှိသည့် အကြီးစားယာဉ်များကိုပါ တင်သွင်းခြင်းဖြင့် တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။

ထိုအစောပိုင်းကာလ အောင်မြင်မှုသည် ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ပြည်သူများကို ဆက်သွယ် ချိတ်ဆက်ပေးကာ အခွင့်အရေးများကို ဖော်ဆောင်ပေးနေသည့် ရွှေသံလွင် လုပ်ငန်းစုကြီး ဖြစ်တည်လာစေရန် အခြေခံအုတ်မြစ်များ ချမှတ်ကာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။