ကိုယ်ရေးအချက်အလက် မူဝါဒ

ကျွန်ုပ်တို့သည် မိမိတို့၏ ဝဘ်ဆိုက်သို့ လာရောက်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံမှုရှိအောင် ကာကွယ်ရန် ကြိုးစားဆောင်ရွက်ပါသည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်ကို ဤမူဝါဒတွင် ဖော်ပြထားပါသည်။

shwethanlwin.com ဝဘ်ဆိုက်တွင် cookies ကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြု၍ ဤမူဝါဒကို လက်ခံခြင်းဖြင့် သင်သည် ဤမူဝါဒ၏ စည်းကမ်းချက်များအတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်သဘောတူခြင်း ဖြစ်ပါသည်။

၁။ ကျွန်ုပ်တို့မှ စုဆောင်းသော အချက်အလက်များ

ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်း၊ သိမ်းဆည်းပြီး အသုံးပြုနိုင်ပါသည်။

(က) သင့် ကွန်ပျူတာနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ဤဝဘ်ဆိုက်သို့ သင် ဝင်ရောက်ကြည့်ရှုခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များ (IP လိပ်စာ၊ တည်နေရာ၊ browswe အမျိုးအစားနှင့် ဗားရှင်း၊ လည်ပတ်မှုစနစ်၊ ဝဘ်ဆိုက်ကို ကြည့်ရှုသည့် ကြာချိန်၊ ကြည့်ရှုသည့် စာမျက်နှာနှင့် စာမျက်နှာ အဆင့်ဆင့် ကြည့်ရှုပုံ စသည်ဖြင့်)

(ခ) မှတ်ပုံတင်ရန် ပေးထားသော အချက်အလက်များ။

(ဂ) ဝဘ်ဆိုက်ဝန်ဆောင်မှုများ၊ အီးမေးလ် သတိပေးချက်များနှင့်/သို့မဟုတ် သတင်းလွှာများ ပေးပို့ရန်အတွက် ထည့်သွင်းထားသော အချက်အလက်များ။

(ဃ) ကျွန်ုပ်တို့ထံ ပေးပို့လိုသည့် အခြား အချက်အလက်များနှင့်

(င) အခြားအချက်အလက်များ။

၂။ Cookies

Cookies ဆိုသည်မှာ ဝဘ် server မှ ဝဘ် browser သို့ ပေးပို့သော စာသားတစ်ခုဖြစ်ပြီး browser မှ သိမ်းဆည်းထားပါသည်။ browser သည် server ထံမှ စာမျက်နှာတစ်ခု တောင်းဆိုတိုင်း အချက်အလက်များကို ဝဘ် serve ထံ ပြန်လည် ပေးပို့ပေးသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ဝဘ် server မှ ဝဘ် browser ကို ခွဲခြားသိရှိနိုင်ပြီး ခြေရာခံနိုင်စေပါသည်။

ကျွန်ုပ်တို့သည် ယခုဝဘ်ဆိုက်တွင် “session” cookies များကို အသုံးပြုပါသည်။ session cookies ကို အသုံးပြု၍ ဝဘ်ဆိုက်အတွင်း သွားလာ အသုံးပြုမှုနှင့် အခြားအသုံးပြုမှုများကို ခြေရာခံပါသည်။

သင့် browser ကို ပိတ်လိုက်သည်နှင့် session cookies များကိုပါ ဖျက်သိမ်းပြီး ဖြစ်ပါမည်။ ဖျက်ရခက်သော cookies များသည်သာ မဖျက်မချင်း (သို့) သတ်မှတ်ရက် မရောက်သေးသည်အထိ သင်၏ ကွန်ပျူတာတွင် ဆက်လက်ရှိနေပါမည်။

ဤဝဘ်ဆိုက် အသုံးပြုမှုကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် Google Analytics ကို အသုံးပြုပါသည်။ Google Analytics သည် သုံးစွဲသူ၏ ကွန်ပျူတာတွင် သိမ်းဆည်းထားသော cookies များမှတစ်ဆင့် ဝဘ်ဆိုက် အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပေးပါသည်။ အဆိုပါ အချက်အလက်များကို ဝဘ်ဆိုက်သုံးစွဲမှု အစီရင်ခံစာများ ဖန်တီးရန်အတွက် အသုံးပြုပါသည်။ Google သည် ထိုအချက်အလက်များကို သိမ်းဆည်းထားပါမည်။ Google ၏ ကိုယ်ရေးကိုယ်တာ မူဝါဒကို http://www.google.com/privacypolicy.html တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၃။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုခြင်း

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်မှ ပေးပို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဤမူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် အသုံးပြုပါမည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အောက်ပါ နေရာများတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

(က) ဝဘ်ဆိုက်ကို စီမံခန့်ခွဲခြင်း။

(ခ) ဝဘ်ဆိုက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန် ဝဘ်ဆိုက်ကို သင့်လိုအပ်ချက်နှင့် ကိုက်ညီအောင် ပြုလုပ်ခြင်း။

(ဂ) အထွေထွေနှင့် အခြားအချက်အလက်များကို သင့်ထံ ပေးပို့ရန်။

(ဃ) သင်တောင်းဆိုထားသော ကိစ္စရပ်များအတွက် အီးမေးလ် ပေးပို့ရန်။

(င) ကျွန်ုပ်တို့၏ လုပ်ငန်း (သို့) လုပ်ငန်းနှင့်သက်ဆိုင်သော သတင်းလွှာနှင့် သင် စိတ်ဝင်စားနိုင်သည်ဟု ယူဆ၍ သေချာရွေးချယ်ထားသော အခြားအဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းများကို စာဖြင့် ပေးပို့ခြင်း (သို့) သင်သဘောတူထားသည့် အီးမေးလ်လိပ်စာ (သို့) အလားတူနည်းများဖြင့် ပေးပို့ခြင်း။ (စျေးကွက်ဆိုင်ရာ ဆက်သွယ်မှုမျိုး မလိုအပ်တော့ပါက အချိန်မရွေး အကြောင်းကြားနိုင်ပါသည်။)

(စ) ကျွန်ုပ်တို့သည် အသုံးပြုသူများနှင့် ပတ်သက်သော ကိန်းဂဏန်းအချက်အလက်များကို တတိယမြောက် အဖွဲ့အစည်းများထံ ပေးပို့နိုင်ပါသည်။ သို့သော် သုံးစွဲသူတစ်ဦးချင်းစီအား ခွဲခြားသတ်မှတ်ရန်အတွက် ဤအချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။

(ဆ) ဝဘ်ဆိုက်နှင့် ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများနှင့် တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းရန်။

(ဇ) အခြားအသုံးပြုမှုများ။

ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်တွင် ပေးထားသော သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုသာ အသုံးပြုမည်ဖြစ်သည်။

သင်၏ သဘောတူညီမှု မရှိဘဲ တိုက်ရိုက်စျေးကွက် ရှာဖွေခြင်းများအတွက် သင့် ကိုယ့်ရေးကိုယ်တာ အချက်အလက်များကို အခြားသူများထံ ပေးမည် မဟုတ်ပါ။

၄။ ထုတ်ဖော်ချက်များ

ကျွန်ုပ်တို့သည် ဤကိုယ်ရေးအချက်အလက် မူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် လိုအပ်ပါက သင်၏ အချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ အရာရှိများ၊ အေးဂျင့်များ၊ ပေးသွင်းသူများ (သို့) ကန်ထရိုက်တာများထံ ထုတ်ဖော်နိုင်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အောက်ဖော်ပြပါ အခြေအနေများတွင် ထုတ်ဖော်နိုင်ပါသည်။

(က) ဥပဒေအရ လိုအပ်သည့်အတိုင်းအတာအထိ

(ခ) တရားရေးဆိုင်ရာ တရားစွဲဆိုမှု (သို့) အလားအလာရှိသော တရားရေးဆိုင်ရာ တရားစွဲဆိုမှုများနှင့် စပ်လျဉ်း၍၊

(ဂ) ကျွန်ုပ်တို့၏ ဥပဒေရေးရာ အခွင့်အရေးများကို ကျင့်သုံးရန် (သို့) ခုခံကာကွယ်ရန် (လိမ်လည်မှုကာကွယ်ရေးနှင့် ခရက်ဒစ်အန္တရာယ်ကို လျှော့ချရန်အတွက် အခြားသူများကို သတင်းအချက်အလက် ပေးခြင်းများ အပါအဝင်)

(ဃ) ကျွန်ုပ်တို့ ရောင်းချနေသည့် လုပ်ငန်း (သို့) ပစ္စည်း ကို ဝယ်ယူသူ (သို့) အလားအလာရှိသော ဝယ်ယူသူ) များထံ

(င) ကျွန်ုပ်တို့မှ ကျိုးကြောင်းဆီလျော်စွာ ယုံကြည်သူ မည်သူမဆိုသည် အဆိုပါ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ရန်အတွက် တရားရုံး (သို့) အခြား အရည်အချင်းရှိသူ အာဏာပိုင်ထံ လျှောက်ထားနိုင်ပြီး၊ တရားရုံး (သို့) အာဏာပိုင်များသည် ထိုကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ရန် စေခိုင်းနိုင်သည်။

ဤကိုယ်ရေးကိုယ်တာ အချက်အလက် မူဝါဒတွင် ဖော်ပြထားသည်မှ လွဲ၍ ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို ပြင်ပအဖွဲ့အစည်းများထံ ပေးမည်မဟုတ်ပါ။

၅။ နိုင်ငံတကာ ဒေတာလွှဲပြောင်းမှုများ

ကျွန်ုပ်တို့ စုဆောင်းရရှိသော အချက်အလက်များကို ကျွန်ုပ်တို့ လုပ်ကိုင်နေသည့် မည့်သည့် နိုင်ငံတွင်မဆို ဤကိုယ်ရေးကိုယ်တာ မူဝါဒအတိုင်း အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းထားပြီး စီမံဆောင်ရွက်နိုင်ပါသည်။

သင်ပေးပို့ထားသော အချက်အလက်များကို ဥရောပစီးပွားရေးဧရိယာအတွင်း ဒေတာ အကာအကွယ်ပေးရေး ဥပဒေများမရှိသော နိုင်ငံများ (အမေရိကန်၊ ဂျပန်၊ (နှင့် အခြားနိုင်ငံများ) အပါအဝင်) သို့ လွှဲပြောင်းနိုင်ပါသည်။

ထို့အပြင် ဝဘ်ဆိုက်တွင် ထုတ်ဝေရန်အတွက် သင်ပေးပို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်ပေါ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ထိုအချက်အလက်များကို အခြားသူများမှ အသုံးပြုခြင်း (သို့) အလွဲသုံးစား လုပ်ခြင်းများကို ကျွန်ုပ်တို့အနေဖြင့် တားဆီး၍မရပါ။

သင့်အနေဖြင့် ထိုကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များ လွှဲပြောင်းခြင်းကို အတိအလင်း သဘောတူပါသည်။

၆။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး

သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဆုံးရှုံးခြင်း၊ အလွဲသုံးစားပြုခြင်း (သို့) ပြောင်းလဲခံရခြင်းမှ ကာကွယ်ရန် ကျိုးကြောင်းဆီလျော်သော နည်းပညာများ အသုံးပြုခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ကြိုတင်သတိပေးမှုများကို ကျွန်ုပ်တို့မှ လုပ်ဆောင်ပါမည်။

သင်ပေးပို့ထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့၏ လုံခြုံသော (စကားဝှက်နှင့် firewall-protected) server များတွင် သိမ်းဆည်းပါမည်။ ကျွန်ုပ်တို့ထံတွင် ပြုလုပ်သော (သို့) လက်ခံရရှိသော အီလက်ထရွန်နစ် လွှဲပြောင်းမှုများ အားလုံးကို SSL နည်းပညာဖြင့် ကုဒ်ဝှက်ထားမည် ဖြစ်သည်။

အင်တာနက်မှတဆင့် ဒေတာပေးပို့ခြင်းများသည် ရာနှုန်းပြည့် စိတ်မချရသဖြင့် အင်တာနက်မှ ပေးပို့သောဒေတာများ၏ လုံခြုံရေးကိုလည်း ကျွန်ုပ်တို့ အနေဖြင့် အပြည့်အဝ အာမခံနိုင်မည် မဟုတ်ပါ။

၇။ မူဝါဒပြင်ဆင်ချက်

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ဤကိုယ်ရေးအချက်အလက် မူဝါဒကို အခါအားလျော်စွာ ပြုပြင်ပြောင်းလဲ ပြင်ဆင်နိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သင်စိတ်ကျေနပ်မှုရှိကြောင်း သေချာစေရန် ဤဝဘ်ဆိုက် စာမျက်နှာကို အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးသင့်သည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် မူဝါဒ ပြောင်းလဲမှုများရှိပါက သင့်ထံ အီးမေးလ်ပို့ အကြောင်းကြားနိုင်ပါသည်။

၈။ သင်၏ လုပ်ပိုင်ခွင့်

ကျွန်ုပ်တို့မှ သိမ်းဆည်းထားသော သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်ထံ ပေးပို့ရန် တောင်းဆိုနိုင်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဥပဒေမှ ခွင့်ပြုထားသည့် အတိုင်းအတာအထိ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သိမ်းဆည်းထားနိုင်ပါသည်။

စျေးကွက် ရှာဖွေရေး ကိစ္စရပ်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးမပြုရန် ကျွန်ုပ်တို့ထံ အီးမေလ်းပို့ ညွှန်ကြားနိုင်ပါသည်။ လက်တွေ့တွင် သင်သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား စျေးကွက်ရှာဖွေရေး ကိစ္စရပ်များအတွက် အသုံးပြုခြင်းအား သဘောတူသည်ကို ကြိုတင် အသိပေးနိုင်သည်။ (သို့) သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စျေးကွက်ရှာဖွေရေး ကိစ္စရပ်များအတွက် အသုံးပြုခြင်းမှ ဖယ်ထုတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ကျွန်ုပ်တို့မှ ပေးပါမည်။

ဤဝက်ဘ်ဆိုက်သည် အခြားဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ထားသော လင့်ခ်များ ပါရှိပါသည်။ အခြားပြင်ပ ဝက်ဘ်ဆိုက်များ၏ လုံခြုံရေးမူဝါဒများ (သို့) လုပ်ထုံးလုပ်နည်းများအတွက် ကျွန်ုပ်တို့မှ တာဝန်ယူမည် မဟုတ်ပါ။

၉။ အချက်အလက်များကို ပြင်ဆင်ခြင်း

သင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင်ရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ရန် (သို့) အပြောင်းအလဲများ ပြုလုပ်လိုပါက ကျွန်ုပ်တို့ထံ အသိပေးနိုင်ပါသည်။

၁၀။ ဆက်သွယ်ရန်

သင့်တွင် ဤကိုယ်ရေးအချက်အလက် မူဝါဒ (သို့) သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအပေါ် စီမံခန့်ခွဲပုံနှင့် ပတ်သက်၍ မေးခွန်းများရှိပါက အီးမေးလ် (သို့) စာတိုက်မှတစ်ဆင့် ပေးပို့နိုင်ပါသည်။

ဒေတာကာကွယ်ရေး အရာရှိ
ရွှေသံလွင်လုပ်ငန်းစု
အမှတ် ၂၆၂၊ ရာဇဓိရာဇ်အိမ်ရာဝင်း၊ ပုဇွန်တောင် အောက်လမ်း၊ ရန်ကုန်၊ မြန်မာ။